ကြာအင်းဆိပ်ကြီး ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ်


2019.08.13

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းယော်ဒေသ ထီမံထိုကျေးရွာမှာ အိမ်ခြေ ၂ဝဝ ကျော် ရေကြီးနစ်မြုပ်မှုခံနေရသလို အနီးဝန်းကျင်က ကျေးရွာ ၂ဝ လောက်မှာလည်း ရေဘေးဒဏ်ခံနေရပါတယ်။

လက်ရှိရေကြီးနစ်မြုပ်မှုတွေကြောင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို ရေဘေးကူညီရေးတွေ လာရောက်လှူဒါန်းကြပေမယ့် ကရင်ပြည်နယ်အတွင်းက ကျေးရွာတချို့ကိုတော့ ရေဘေးကယ်ဆယ်ရေးလှူဒါန်းတာတွေ နည်းပါးနေပါသေးတယ်။

RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။