လမ်းမပေါ်ထွက် ဆန္ဒပြနေဆဲ လူငယ်များ
2022.03.29
မတ်လ ၂၉ ရက် ဒီကနေ့ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၄၂၂ ရက် ရှိသွားပါပြီ။
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်တွေကတော့ လမ်းမပေါ်ထွက် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို ရတဲ့နည်းနဲ့ ဆက်လုပ်နေကြဆဲ ဖြစ်ပါတယ်။
ဒီနေ့လည်း ရန်ကုန်က ဗကသ ကျောင်းသားတွေ ၊ တိုးတက်သော မွတ်စလင် လူငယ်အစည်းအရုံးဝင် လူငယ်တွေ၊ ရွှေပြည်သာနဲ့ မြောက်ဒဂုံက သပိတ်ကော်မတီတွေ ပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်သတ်ဖြတ်လို့ ဒီနေ့ထိ သေဆုံးသူပေါင်း ၁၇၁၉ ယောက်နဲ့ ဖမ်းဆီးခံရသူပေါင်း ၁၃၀၀၀ ကျော်ရှိပါတယ်။