မအူပင်မြို့နယ်က လယ်သမားတွေ ဆန္ဒပြ
2018.12.26
မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာက မြေလွတ်မြေရိုင်းနဲ့ လယ်မြေဧက ၅၅ဝ မှာ Orchard ကုမ္ပဏီရဲ့ ငါးမွေးမြူရေးလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ကိုင်ခွင့်ပြုလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ လယ်သမား ၁ဝဝ ကျော်ဟာ မအူပင်မြို့ပေါ်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုသန့်ဇင်ဦးတို့က ပေးပို့ထားတာကို RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။