ဒရုန်းတပ်ဖွဲ့အတွက် Podcast တွေဖန်တီးပြီး ထောက်ပံ့တဲ့ အမျိုးသမီးရဲဘော်များ
2024.11.12
Fixed Wing Drone တပ်ဖွဲ့က အမျိုးသမီးရဲဘော်တွေဟာ တပ်အတွက် ရန်ပုံငွေရှာပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ Podcast တွေ ဖန်တီးနေပါတယ်။ ဒါဟာလည်း အမာခံထောက်ပို့နေကြတဲ့ အလှူရှင်တွေကို ဝန်ပေါ့စေချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဘယ်အပိုင်းကနေ ဘယ်လိုထွက်ပြီး အဖွဲ့အတွက်ကို ရှာပေးလို့ရမလဲ။ ဘယ်လိုအစီအစဥ်လေးတွေနဲ့ သွားကြမလဲ။ ပြည်သူနဲ့ရင်းနှီးမှု ဘယ်လိုယူမလဲပေါ့နော်။ တော်လှန်ရေးနယ်မြေတိုင်းက ရဲဘော်တွေက ဒီအဖွဲ့တွေ ဒီမှာ ရှိနေတယ်။ ဒီလိုတွေ လုပ်နေတယ် ဆိုတာကိုပြောပြချင်တဲ့ စိတ်နဲ့ podcast ကို စဥ်းစားဖြစ်တယ်။ တရင်းတနှီး ဖြစ်အောင် ဘယ်လို ပြောပြရင် ကောင်းမလဲဆိုတဲ့စိတ်နဲ့ ရေဒီယို podcast ထက် ဗီဒီယို podcastကို ရွေးလိုက်ပြီး စစီစဥ်ဖြစ်တာ"
သူတို့ကတော့ တောင်ပိုင်းတိုင်း အမှတ်(၂ ) စစ်ဒေသ၊ စစ်ဒေသခွဲ(၃)၊ ဂဠုန်စစ်ကြောင်း လက်အောက်မှာရှိတဲ့ Fixed Wing Drone တပ်ဖွဲ့ က အသက် ၂၀ ကျော်အရွယ် အမျိုးသမီးရဲဘော်တွေပါ။ နေခြည်၊ အလင်း၊ အဝင်း၊ နီနီနဲ့ ရတနာတို့ဟာ “Who Let The Girls Out?” ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ Podcast တွေဖန်တီးပြီး တပ်အတွက် အပိုဝင်ငွေရအောင် ကြိုးစားနေကြပါတယ်။ တစ်ခါတလေ တပ်တာဝန်တွေ ရှိတဲ့အခါ အဖွဲ့ဝင် အကုန် မတင်ဆက်နိုင်တာလည်း ရှိနိုင်တာမို့ “Who Let The Girls Out?” ဆိုတဲ့ နာမည်ကို ပေးဖြစ်တာလို့ ဆိုပါတယ်။
“တော်လှန်ရေးဘက်ကို စိတ်ဝင်စားတယ်။ တကယ်လွတ်မြောက်ဘက်မှာ ဘယ်လိုနေရတယ်ဆိုတာကို စိုးရိမ်နေတာတို့၊ တွေဝေနေတဲ့ လူတွေရှိရင် ဒီဗီဒီယိုတွေကြည့်ရင် ရှင်းခနဲ သိသွားမှာပဲ"
တပ်ကို ပြန်ထောက်ပံ့ဖို့နဲ့ ပြည်သူတွေနဲ့ ရင်းနှီးမှုရချင်လို့ ရည်ရွယ်စတင်ဖြစ်တာလို့ အဖွဲ့ဝင် မနေခြည်က ပြောပြပါတယ်။
“တော်လှန်ရေးဘက်ကို စိတ်ဝင်စားတယ်။ တကယ်လွတ်မြောက်ဘက်မှာ ဘယ်လိုနေရတယ်ဆိုတာကို စိုးရိမ်နေတာတို့၊ တွေဝေနေတဲ့ လူတွေရှိရင် ဒီဗီဒီယိုတွေ ကြည့်ရင် ရှင်းခနဲ သိသွားမှာပဲ။ ဒါပါပဲ။ အတင်းကြီး တော်လှန်ရေးဘက်ကို စိတ်မရှိတဲ့သူတွေကို ပြောပြချင်တဲ့ ရည်ရွယ်ချက်မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးပဲ။ စစ်ကြောင်းအောက်မှာ၊ အစိုးရတစ်ခုလက်အောက်မှာ ဘယ်လိုနေရလဲ။ EAOs တွေနဲ့ ဘယ်လို လက်တွဲထားလဲ။ ဘယ်လိုစည်းကမ်းတွေနဲ့ နေရလဲဆိုတာတွေ အဲဒါမျိုးတွေ ပြောပြသွားမယ်”
ဆက်နွှယ်သောသတင်းများ
ABSDF အမျိုးသမီးရဲဘော်တွေ ရန်ပုံငွေအတွက် T-shirt ဖန်တီးရောင်းချ
ထောက်ပို့ ကာတွန်းဆရာဖြစ်လာတဲ့ PDF
နယ်စပ်တစ်နေရာက အနုပညာနဲ့တော်လှန်နေတဲ့ တယောသမား
သူတို့တွေဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးရဲဘော်တွေဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်ကတော့ ဟိုတယ်နဲ့ ခရီးသွားလာရေးအပိုင်း၊ အရောင်းနဲ့ ဈေးကွက်ရှာဖွေရေး၊ သုံးစွဲသူဝန်ဆောင်မှု လုပ်ကိုင်သူနဲ့၊ ကျောင်းသူတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ ခေတ်ကပေးတဲ့တာဝန်ကိုထမ်းရင်း အာဏာရှင်ပြုတ်ကြရေးအတွက် စိတ်အားထက်သန်စွာနဲ့ ရှေ့ဆက်နေကြတာပါ။
"Fixed Wing အနေနဲ့ ပိုပြီး အားသာချက်တွေကို ပိုမြှင့်ပေးနိုင်မလဲ။ ကုန်ကျစရိတ်နည်းနည်းနဲ့ လုပ်ပေးနိုင်မလဲ။ ဒီနည်းပညာနဲ့ ပတ်သက်ပြီး ဘာတွေ ပိုလေ့လာလို့ရမလဲ။ အသုံးဝင်မလဲ။ အဲဒါတွေ သင်နေရတာရှိတယ်။ ပြန် သင်ပေးနေရတာက mission တွေမှာ ဘယ်လို ထိထိရောက်ရောက်လုပ်ရမလဲ ဆိုတာတွေပါ"
Drone နဲ့ ပတ်သက်တဲ့ သင်ယူမှုအပိုင်းနဲ့ တပ်ရဲ့တာဝန်တွေက ပထမဦးစားပေးဖြစ်ပြီး ကိုယ်ပိုင်အားလပ်ချိန်တွေ မှသာ Podcast တွေ ဖန်တီးဖြစ်တယ်လို့ မနေခြည်က ပြောပါတယ်။ ဗီဒီယိုတွေကို ဖုန်းနဲ့ပဲရိုက်ကူးတာဖြစ်ပြီး အများစုကတော့ ညပိုင်းအချိန်တွေမှာ ရိုက်ကူးရေးလုပ်ကြတယ်လို့ ဆိုပါတယ်။
"ဖုန်းနဲ့ပဲရိုက်တယ်။ ဖုန်းကလည်း မိုးတွင်း တစ်တွင်းဖြတ်ပြီးတော့ အတော်များများက ဖုန်းစုတ်နေကြပြီ။ တခြား ဖုန်းကင်မရာကောင်းတဲ့ ရဲဘော်ဆီက ဖုန်းကို power Bank နဲ့ချိတ် ထရိုင်ပေါ့ဆို အပေါ်မှာ မှန်ထောင် ကြည့်တဲ့ဟာလေးနဲ့ double တိပ်ကပ်ပြီး ရိုက်တာ၊ ဗမာလိုပဲ ရိုက်ကြတာ"
လူငယ်အယောက်စီတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေ ပြောချင်တာတွေ ရှိတာကြောင့် ဒီလိုလူတွေ စုပြီး အကောင်ထည်ဖော်ကြတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။
ရလာတဲ့ အကျိုးအမြတ်တွေကို တပ်ရဲ့အထွေထွေကိစ္စတွေမှာရော၊ စစ်ရေးလိုအပ်ချက်တွေမှာပါ ပြန်အသုံးချနေတယ်လို့ မနေခြည်က ပြောပါတယ်။
"လစဥ် လှူနေကျလူတွေလည်း ပင်ပန်းလာတာဆိုတော့ ဒီဘက်က ရနေတဲ့အခါကျတော့ သွားအလှူခံပြီးပြောနေ စရာမလိုတော့ဘူး။ နည်းနည်းသက်သာလာတာရှိတယ်။ ချန်နယ်အတွက်လည်း အဲလိုမျှော်လင့်ထားတယ်။ စစ်ရေးအတွက်ဆိုရင် ဒရုန်းတွေလိုမယ်။ အီလက်ထရွန်နစ်ပစ္စည်း အပိုင်းအစတွေ၊ သုတေသနလုပ်ဖို့ လိုအပ်တာတွေ၊ ထုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကအစ ရတာဟာနဲ့ ဝယ်တယ်။ ပြီးရင် အဖွဲ့ရိက္ခာ အဲဒါတွေမှာ ပြန်သုံးတယ်"
တိုးတက်လာတဲ့ တော်လှန်ရေးအရွေ့မှာ ဆက်လက် စီးမျောရင်း နိုင်တဲ့အထိ ဆက်သွားမယ်လို့လည်း အမျိုးသမီးရဲဘော်တွေက ဆိုပါတယ်။
"ရဲဘော်တွေ ဘယ်လို အနေအထားနဲ့ တိုက်နေကြလဲ။ နောက်ကကူနေတဲ့ သူတွေက ဘယ်လောက်ထိ ကူပေးနိုင်ကြလဲဆိုတာ ပိုပို တိုးတက်လာတာမြင်နေရတယ်။ အဲဒီစိတ်နဲ့ ဆက်သွားနေတယ်။ တိုးတက်လာမှလည်း ဖြစ်မှာ။ နိုင်မှ ဖြစ်မှာဆိုတော့ နိုင်အောင်လုပ်မယ်"