ဒေါက်တာကျော်ရင်လှိုင်နှင့် တွေ့ဆုံမေးမြန်းချက်
2015.10.27
ရခိုင်ပြည်နယ်က နှစ်ဘက်လူ့အဖွဲ့အစည်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားရာမှာ စိန်ခေါ်မှုတွေ ရှိနေဆဲပဲလို့ "ကွဲပြားခြားနားမှုနဲ့ အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ" လေ့လာရေးအဖွဲ့ CDNH က ပြောပါတယ်။ ဒီအဖွဲ့က ရေးသားပြုစုထားတဲ့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်တဲ့ စစ်တမ်းစာစောင်ကို အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ CDNH အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ရင်လှိုင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။