မြန်မာ့သစ်တောပြုန်းတီးမှု- အပိုင်း ၅


2017.07.01

မြန်မာနိုင်ငံမှာ သစ်တောတွေ လုံးဝပျောက်ကွယ်သွားတာနဲ့၊ ရှိရင်းစွဲ သစ်တောတွေမှာ သစ်ပင်ကြီးတွေမရှိတော့ဘဲ သစ်တောအတန်းအစား ညံ့လာတဲ့ သစ်တောပြုန်းတီးမှုအခြေအနေ ၂ ရပ်ကို ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေကို ပြန်ပြီးကုစားနိုင်ဖို့ သစ်တောဦးစီးဌာနနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေက သစ်တောတွေ ပြန်ပြီး ပြုစုပျိုးထောင်နေကြပေမယ့် ဖြစ်ထွန်းမှု အားနည်းတဲ့အပေါ် မေးခွန်းထုတ်တာတွေ ရှိလာနေပါတယ်။ မကွေးတိုင်း အတွင်း အစိုးရအာဏာပိုင်တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့၊ ဒေသခံတွေအနေနဲ့ သစ်တောထိန်းသိမ်းရေးနဲ့ ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေ ဘယ်လိုပုံစံ ဆောင်ရွက်နေကြလဲ ဆိုတာကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။