ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံးအကြိမ် မြန်မာပြည်ကို ရောက်ရှိ
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပထမဆုံးပို့တဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးတစ်သန်းခွဲ ရန်ကုန်မြို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ဒီနေ့ ရောက်ရှိလာပါတယ်။
- 2021-01-22
-
-
-
အိန္ဒိယနိုင်ငံမှ မှာယူထားသည့် ကိုဗစ်ကာကွယ်ဆေး (ကိုဗစ်ရှီးလ်) မြန်မာနိုင်ငံသို့ ၂၀၂၁ ဇန်နဝါရီလ ၂၂ ရက်နေ့က ရောက်ရှိလာစဉ်
Photo: Aung Thein Kha / RFA
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပထမဆုံးပို့တဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးတစ်သန်းခွဲ ရန်ကုန်မြို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ဒီနေ့ ရောက်ရှိလာပါတယ်။ ကာကွယ်ဆေးကို ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့က အဓိကကျသူတွေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို ထိုးနှံပေးသွားမယ်လို့ အတိုင်ပင်ခံက ပြောထားပါတယ်။
ရိုက်ကူး- အောင်သိင်္ခ/RFA