ကိုဗစ်လူနာများလာလို့ ပြည်သူတွေ ပိုကူညီကြဖို့ ပရဟိတအဖွဲ့တွေ မေတ္တာရပ်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စံချိန်တင်မြင့်တက်လာနေပြီး သေဆုံးမှုတွေလည်း များလာနေပါတယ်။

ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်သူတွေဘက်က အခုထက်ပိုမို ပူးပေါင်းကူညီပေးဖို့ မြို့ခံပရဟိတအဖွဲ့တွေက မေတ္တာရပ်ခံကြပါတယ်။