ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကိစ္စ ခုံရုံးမှာ လျှောက်လဲချက်တင်
2019.06.27
တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာ သီးခြားဆွေးနွေးခွင့်ပယ်ချခံရတာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ရာမှာ ဒီနေ့ နှစ်ဖက်လျှောက်လဲချက် ပေးခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ်တို့ ပေးပို့ထားပြီး ကိုသီဟထွန်းက တင်ပြထားပါတယ်။