မြန်မာရဲ့အကြီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ တရုတ်မြန်မာနယ်စပ်မှာရှိတာမို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ တရုတ်နဲ့ တိုက်ရိုက်ဆက်စပ်မှုတွေရှိနေပေမယ့် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာအရ အလုံးစုံငြိမ်းချမ်းရေးရဖို့အတွက် လုပ်ဆောင်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေးကို သြဇာလွှမ်းမိုးမှုတွေအပေါ် နိုင်ငံရေးလေ့လာသူတွေရဲ့သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။