အိန္ဒိယ မီဇိုရမ်ပြည်နယ်ရောက် ချင်းဒုက္ခသည်တွေရဲ့ ဘဝ
2022.01.01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်မှာ စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီ ဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိုး အမြောက်အများဟာ အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ်ကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။
ဒီအထဲမှာ တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံရတဲ့ ထန်တလန်မြို့ကနေ ထွက်ပြေးလာကြတဲ့ မိသားစု တစ်စုရဲ့ အတွေ့အကြုံတွေ အကြောင်း ရိုက်တာ သတင်းကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။