ကယားပြည်နယ်က ဗိုလ်ချုပ်ကြေးရုပ်အရေး


2019.02.14

 

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖယ်ရှားပေးဖို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုတဲ့ ကရင်နီဒေသခံ ငါးထောင်ကျော်ကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲတဲ့အတွက် ဆန္ဒပြသူ ၂၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ကရင်နီပြည်လူငယ်များ အင်အားစု သပိတ်ကော်မတီတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။

ကြေးရုပ်ကော်မတီနဲ့ သပိတ်ကော်မတီတို့ ဆွေးနွေးပြီး ရရှိလာတဲ့အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ ပြည်နယ်အစိုးရက သဘောတူလိုက်တဲ့ အတွက် အမြန်ဆုံးတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းကြဖို့ ကရင်နီပြည် ပြည်သူများကိုယ်စားပြု ညှိနှိုင်းရေး ကော်မတီက တောင်းဆိုလိုက်ပါတယ်။

RFA သတင်းထောက်ကိုသီဟထွန်း လွိုင်ကော်မြို့ကနေ သတင်းပေးပို့ထားတာကို RFA ဝိုင်းတော်သားကိုဂျေက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။