ကလေးစစ်သားဘဝအတွေ့အကြုံတွေကို သတင်းမီဒီယာကတဆင့် ထုတ်ဖော်ပြောကြားခဲ့တာကြောင့် တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုလို့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီး အဲဒီအမှုကို ရင်ဆိုင်နေစဉ်မှာ တရားရုံးမထီမဲ့မြင့်မှုနဲ့ ထပ်မံတရားစွဲဆိုခံရလို့ ထောင်ဒဏ် ၆ လချမှတ်ခံထားရသူ ကိုအောင်ကိုထွေးဟာ လွတ်ရက်စေ့လို့ ဒီနေ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်ပါတယ်။