လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ မေးမြန်းချက်
2018.08.30
ရေတာရှည်မြို့နယ်၊ ဆွာမြို့အပိုင် ရွှေသပြေ ကျေးရွာအနီးမှာ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်က လမ်းကူးတံတားတခုဟာ မနေ့က ရေတိုက်စားပြီး ကျိုးပျက်သွားတဲ့အတွက် ခရီးသွားလာလို့ မရဘဲ အခက်အခဲဖြစ်နေပါတယ်။
ဒီလမ်းကူးတံတား ပြန်လည်ပြင်ဆင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ့ဆောက်လုပ်ရေး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။