ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဘတ်ဂျတ် ၄ ဘီလီယံကျော်ကို တိုင်းလွှတ်တော် ဖြတ်တောက်


2017.04.01

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့၂၀၁၇ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရသုံးဆိုင်ရာဥပဒေကြမ်းကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တိုင်းလွှတ်တော်မှာ တင်သွင်းရာ အသုံးစရိတ်တွေ များနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပြီး ငွေကျပ် သန်း ၄၂၅၀ ကို လျှော့ချနိုင်ခဲ့ပါတယ်။

လူကူးခုံးကျော်တံတားတွေ၊ အစိုးရရဲ့ e-Government လုပ်ငန်းနဲ့ ရန်ကုန်မြို့တော်ဂေါက်ကွင်း ပြင်ဆင်ဖို့ စတာတွေရဲ့ အသုံးစရိတ်တွေမှာ ပိုနေတဲ့ ငွေကျပ် သန်း ၄၂၅၀ ကို လျှော့ချဖို့ ဆွေးနွေးထောက်ပြခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် က ပြောပါတယ်။ ဦးရန်အောင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။