စည်ပင်ရွေးကောက်ပွဲကို ဝေဖန်မှုတွေကိစ္စ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ မေးမြန်းချက်
2014.12.28
နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အမည်စာရင်းနဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိခဲ့သလိုဆန္ဒမဲပေးချိန်မှာ မဲဆွယ်စည်းရုံးနေတာတွေ ရှိတဲ့အတွက် ကိုယ်စားလှယ်လောင်းအချင်းချင်း ဝေဖန်တာတွေ ရှိနေပါတယ်။
စည်ပင်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၄ သိန်းကျော်ရှိပေမယ့် လာရောက်မဲပေးသူ နည်းတယ်လို့လည်း သိရပါတယ်။
အဲ့ဒီလိုဝေဖန်မှုတွေရှိခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။