USDP ကိုယ်စားလှယ် နှစ်ဦး ကို ကော်မရှင်က ဖယ်ရှား


2016.11.17

ရမည်းသင်းမြို့နယ်ကနေ ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂) က ကိုယ်စားလှယ် ၂ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားမဲ့ပြုကျင့်မှုနဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ဒီနေ့ပယ်ဖျက်လိုက်ပါတယ်။

အဲဒီ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ ဘာသာရေးနဲ့ဆိုင်တဲ့ ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာ မဲဆွယ်ပွဲတွေ ပြုလုပ်ခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက ကန့်ကွက်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်စစ်ဆေးပြီး အခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီကိုယ်စားလှယ်တွေဘက်ကနေ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း(မိထ္တီလာ) ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။