ဝ,ဒေသ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကိစ္စ မေးမြန်းချက်
2018.09.18
ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ခရစ်ယန်ဘာသာနဲ့ပတ်သက်လို့ တင်းကြပ်တာတွေလုပ်နေတာဟာ အခုမှမဟုတ်ဘဲ နှစ်အတော်ကြာနေပြီလို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးဌာနက ဒုတိယဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီပြဿနာရဲ့နောက်ကွယ်မှာ တရုတ်နိုင်ငံဘက်က ဖိအားပေးတာတွေ ရှိနိုင်တယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။
ဒုတိယဗိုလ်မှူးကြီးနော်ဘူကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။