မဲဆန္ဒရှင်သက်သေခံလက်မှတ် နှစ်ခုရရှိနေတဲ့အကြောင်း မေးမြန်းချက်
2015.11.04
နိုဝင်ဘာ ၁ ရက်ကနေစပြီး ထုတ်ပေးနေတဲ့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေမှာ လူတစ်ဦးတည်းက မဲဆန္ဒရှင်သက်သေခံလက်မှတ် နှစ်ခု ရရှိနေတာတွေ ရှိနေတဲ့အတွက် မဲမသမာမှုများ ဖြစ်ပေါ်မှာကို စိုးရိမ်မှုတွေ ရှိလာနေပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ သက်သေခံလက်မှတ်တွေ ပိုရနေတယ်ဆိုဟာ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးလှမောင်ချိုကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။