ရိုက်တာသတင်းထောက်နှစ်ဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့
2018.09.13
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကာ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
ဒီလိုသတင်းထောက်နှစ်ယောက်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး ထောက်ပံ့ပေးတာဟာ ပြည်တွင်းက သြဇာရှိတဲ့ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့က ပထမဆုံးဖြစ်ပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦး က တင်ပြထားပါတယ်။