ဗိုလ်ချုပ်ထွန်းမြတ်နိုင် ယောက်ဖကိုဖမ်းပြီး နေအိမ်ပါ ချိပ်ပိတ်ခံရကြောင်း မိသားစုပြော
RFA Burmese
2024.03.16
2024.03.16
ရက္ခိုင့်တပ်တော် AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မမိုးသစ္စာရဲ့ခင်ပွန်း ကိုကျော်သန်းဇံဟာ မတ်လ ၁၁ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အဖမ်းခံရပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ ဇနီးဖြစ်သူက RFA ကို ပြောပါတယ်။ အဲဒီအပြင် သူတို့မိသားစုပိုင်တဲ့ အိမ်အပြင် တခြားမိသားစုဝင်တွေရဲ့ အိမ်တွေလည်း ချိပ်ပိတ်ခံရတယ်လို့ ပြောပါတယ်။
ကိုကျော်သန်းဇံဟာ ကြယ်ငါးပွင့်သင်္ဘောက အင်ဂျင်နီယာအရာရှိတစ်ဦးဖြစ်ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူမဟုတ်ဘူးလို့ ဇနီးသည်က ပြောပါတယ်။ ဇနီးနဲ့ ကလေးက ပြည်ပမှာရှိနေတဲ့အတွက် သူတို့ကို တွေ့ဖို့ လေယာဉ်နဲ့ ခရီးသွားမယ့်အချိန် လေဆိပ်မှာအဖမ်းခံရပြီး မိသားစုနဲ့ အဆက်ပြတ်သွားတာလို့ ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမ မမိုးသစ္စာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။