စည်ပင်ရွေးကောက်ပွဲ ဥပဒေ၊ ပြင်ဆင်ပေးဖို့ တောင်းဆို
2016.12.11
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်တွေကို အများပြည်သူသိရှိအောင် ကြေညာဖို့၊ စည်ပင်ကော်မတီဝင်အဖြစ် ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေရဲ့ အသက်ကန့်သတ်ချက်ကို ဖြေလျော့ပေးဖို့နဲ့ မြို့တော်ဝန်ကို ပြည်သူတွေ တိုက်ရိုက်ရွေးချယ်ခွင့်ရှိဖို့တို့ကို အရပ်ဘက်အဖွဲ့အစည်း ၃၀ က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
စည်ပင်သာယာရေး ဥပဒေနဲ့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်တွေအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင် ရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပပြီး တောင်းဆိုတာဖြစ်ပါတယ်။
ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်နေသာ ကော်မတီ စည်းရုံးရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်ကို RFA သတင်းထောက် ကိုအောင်သိင်္ခက တွေ့ဆုံမေးမြန်းထားပါတယ်။