ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမား နေထိုင်ခွင့်အခြေအနေအကြောင်း မေးမြန်းချက်

ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်တွေမထုတ်ပေးသေးခင် ဒီနှစ်ကုန်ပိုင်းအထိ၊ အထောက်အထားမရှိလည်း နေခွင့်ရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်ရှိ ပင်လယ်စာ ရောင်းချသည့် စျေးတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအား ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရမဲ့ ပန်းရောင်ကတ်တွေမထုတ်ပေးသေးခင် ဒီနှစ်ကုန်ပိုင်းအထိ၊ အထောက်အထားမရှိလည်း လွတ်လွတ်လပ်လပ်နေခွင့်ရမယ်လို့ ထိုင်းဝန်ကြီးချုပ်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက်မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG)ရဲ့တာဝန်ရှိသူ ကိုမုန်တိုင်းကို RFA သတင်းထောက် စောဖိုးခွား မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org