သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-26
KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရရဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေနဲ့ KNU ရဲ့ မြန်မာ့လက်ရှိ အရေးအပေါ် ရှုမြင်ပုံတွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-01-18
မြန်မာနိုင်ငံ ကျောက်မျက်အသင်းနဲ့ ကျောက်မျက်ဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကို ဖယ်ရှားပေးရေးအဆိုကို ပြီးခဲ့တဲ့သတင်းပတ် လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက တင်သွင်း ခဲ့တာကြောင့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ ဒီကနေ့ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-01-09
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ နိုင်ငံတော်သမ္မတရော ကာကွယ်ရေးဦးစီးချုပ်နဲ့ပါ တွေ့ဆုံခဲ့တဲ့ KNU ခေါင်းဆောင်တွေက သူတို့တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဒီနေ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
2013-01-05
မြန်မာနိုင်ငံမှာ ကလေးသူငယ်ထောင်ပေါင်းများစွာကို ယဉ်ကျေးလိမ္မာလာအောင် နှစ်စဉ်သင်တန်း တွေပို့ချပေးနေတဲ့ ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ ဆရာတော့်ကျောင်းတိုက်မှာ သွားရောက်တွေ့ဆုံ လျှောက်ထားမေးမြန်း တင်ပြထားပါတယ်။
2013-01-02
အမေရိကန်ပြည်ထောင်စုမှာ ဆယ်နှစ်ကျော်နေထိုင် ခဲ့ပြီး မြန်မာပြည်ကို အလည်အပတ် ရောက်ရှိလာတဲ့ အဆိုတော် ဒေါ်မာမာအေးရဲ့ ကျန်းမာရေးအခြေအနေ နဲ့ လက်ရှိမြန်မာ့ဂီတလောကအပေါ် အမြင်တွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က ဆက်သွယ်မေးမြန်းထားပါတယ်။