သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-01
ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကော့မှူးမြို့နယ်ကို ရောက်ရှိနေတဲ့ အာအက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်စိုးနဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မင်္ဂလာဒီပရပ် မဲရုံအမှတ် ၂ ကိုရောက်ရှိနေတဲ့ ကိုကျော်ကျော်အောင်ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2012-03-31
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲကောက်ယူနေတဲ့ အခု ၂ ရက်မှာ ထင်ရှားတဲ့နေရာ တချို့မှာ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်တာတွေ ရှိပေမယ့်၊ နေရာ အတော်များများမှာ နည်းလမ်းတကျ စည်းစံနစ်အတိုင်း မဆောင်ရွက် ဘူးလို့ သိရပါတယ်။
2012-03-29
ကြားဖြတ်ရွေးကောက်ပွဲအတွက် HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့ HRDP အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2012-03-26
ကျောက်ပန်းတောင်းမြို့နယ်မှာ အင်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီး လာရောက်ဖို့ စီစဉ်ထားပြီးနောက် ကျန်းမာရေး အခြေအနေကြောင့် ခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အင်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဇော်မြင့်မောင်ကို အဲဒီမှာ ရောက်ရှိနေတဲ့ အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2012-03-24
အဖြူရောင်တွဲလက်များ ဆိုတဲ့ ကျောင်းသားလူငယ် ၈ ဖွဲ့က တရုတ်နိုင်ငံထဲ ရောက်နေတဲ့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို သွားရောက် ကူညီခဲ့ပြီး ခရီးစဉ် အတွေ့အကြုံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ခရီးစဉ်မှာ ပါဝင်တဲ့ မနီမိုလှိုင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2012-03-23
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က မြန်မာနိုင်ငံကနေ ပြန်လည်ပို့ဆောင် ခံခဲ့ရတာဟာ နားလည်မှု လွဲမှားတာ ဖြစ်နိုင်ကြောင်း၊ အာရှ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ANFREL ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး Ms Somsri Hananuntosuk က ဒီကနေ့ ပြောဆိုခဲ့ပါတယ်။
2012-03-22
ဦးသိန်းစိန်အစိုးရ ပြဋ္ဌာန်းမယ့် မီဒီယာ ဥပဒေကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အလားအလားတွေ ဘယ်လိုရှိလာမလဲဆိုတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာ အပတ်စဉ်ဂျာနယ် (၄) စောင် ထုတ်ဝေနေတဲ့ Eleven Media Group ရဲ့ အကြီးအကဲ ဒေါက်တာ သန်းထွဋ်အောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
2012-03-21
မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ယုဇနဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး၊ ကော်မတီ ငါးရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။
2012-03-21
နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ တောင်းဆိုနေတဲ့ ဘိုကလေးမြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်ဟာ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
2012-03-19
ရန်ကုန်မြို့၊ချပ်ထရီယမ်ဟိုတယ်မှာ မတ်လ ၁၉ ရက်နေ့က စတင်ကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံကို အာအက်အေအဖွဲ့သား ဦးခင်မောင်စိုးနဲ့ ဦးကျော်ကျော်အောင်တို့ တက်ရောက်နေပါတယ်။
2012-03-15
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အိုးအိမ် လယ်ယာ လုပ်ငန်းအဝဝကို ပစ်ထားခဲ့ရပြီး နေရပ်မှ ကိုယ်လွှတ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2012-03-13
မဆလအစိုးရရဲ့ လုံထိမ်းတပ်တွေ အကြမ်းဖက်နှိမ်နင်းမှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးခဲ့ရပါတယ်။
2012-02-28
ရွှေပါရမီတောရ ဆရာတော်လို့ လူသိများတဲ့ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျပ်ငွေ ၁၂၈ သိန်း လှူဒါန်းကြောင်း သိရပါတယ်။
2012-02-28
သမ္မတ ဦးသိန်းစိန်ရဲ့နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်အရ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်တပါးဖြစ်သူ အရှင်ဝီရသူက အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် အာဏာပိုင်တွေထံ စာရေးသား တောင်းဆိုထားပါတယ် ။
2012-02-14
၁၉၉၂ ခု ဖေဖော်ရီ ၁၂ ရက်က ကချင်ပြည်နယ် ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုးရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။