သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-22
ဆရာ/ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အစည်းအဝေး၊ သင်တန်း၊ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ၊ ညီလာခံ၊ လေ့လာရေး စသဖြင့်ဖိတ်တဲ့အခါ ပုဂ္ဂလိကနာမည်တွေနဲ့ဖိတ်ရင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ခွင့်မပြုတော့ဘူးလို့ ပညာရေးဝန်ကြီးဌာနရဲ့ ကြေညာချက် ထွက်လာပါတယ်။
2017-12-22
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန္ဒပြတဲ့သူတွေ ဖွင့်လှစ်ထားတဲ့ မိုးကြိုးပြင်အလယ်ရွာ သပိတ်စခန်းကို ဒီနေ့မနက်က မီးရှို့ဖျက်စီးခံလိုက်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-22
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ မှာတွေ့ရတဲ့ လူသေရုပ်အလောင်းတွေနဲ့ ပတ်သက် တဲ့ နောက်ဆုံးအခြေအနေ၊ မောင်တောဒေသရဲ့ လက်ရှိလုံခြုံရေး အခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်ကနေ ပြန်လာမယ့် မွတ်စလင်ဒုက္ခသည်တွေ အရေး ဒေသခံတွေရဲ့ သဘောထားတွေ ကို မောင်တော ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-22
အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းဌာနရဲ့ သတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦးတို့ဟာ လူ့အခွင့်ရေးဆုံးရှုံးနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
2017-12-21
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ပဲဝယ်ယူတဲ့ မူဝါဒကို ပြီးခဲ့တဲ့ သြဂုတ်လက ပြောင်းလဲသတ်မှတ် ခဲ့တာကြောင့် အထိနာခဲ့ရတဲ့ မြန်မာ့ပဲဈေးကွက်ဟာ လတ်တလောမှာ အိန္ဒိယကုမ္ပဏီတွေဘက်က အဝယ်ပြန်ရှိလာလို့ ပဲဈေးနှုန်းတွေဟာလည်း ဆက်တိုက်မြင့်တက်လာပါတယ်။
2017-12-21
ရှမ်းပြည်နယ် လားရှိုး၊ တာချီလိတ်နဲ့ ပင်လုံမြို့တွေမှာ ဒီနေ့ ကျင်းပတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က လာရောက်တားမြစ်မှု တွေရှိခဲ့ပါတယ်။
2017-12-21
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ဘယ်မှာဖမ်းဆီးထားတယ်၊ ဘယ်လိုပုံစံ စစ်ဆေးမေးမြန်းနေတယ် ဆိုတာတွေကို စုံစမ်းစစ်ဆေးပေးဖို့ မြန်မာဂျာနယ်လစ်များကွန်ရက် (MJN) က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားစာ ပေးပို့ထားပါတယ်။
2017-12-21
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ရခိုင်နဲ့ ချင်းပြည်နယ်အစပ်က ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်လောက်ရှိနေပြီလို့ AA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
2017-12-21
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ အမည်မသိ ရုပ်အလောင်း ၁၀ ခု တွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2017-12-21
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်မောင် နဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးကို နိုင်ငံတော်အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃နဲ့ အမှုဖွင့်ထားတယ်လို့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-12-21
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို အစိုးရက မြန်မာနိုင်ငံကို လာရောက်ခွင့်မပြုတော့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတာဝန်ရှိသူက ပြောပါတယ်။
2017-12-21
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအနက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်ရဲ့ဇနီးက ခင်ပွန်းဖြစ်သူ အဖမ်းခံရတဲ့နေ့က ရဲအရာရှိတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားတယ်ဆိုတာ သူသိရှိတယ်လို့ ပြောပါတယ်။
2017-12-20
မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုမရှိဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ငြင်းဆိုလိုက်ပြီး သတင်းမှားတွေအပေါ် အခြေခံကာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ သာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
2017-12-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ တရားစွဲဆိုနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောလိုက်တဲ့ ကိစ္စအပါအဝင် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ လူသေအလောင်းတွေ ထပ်ပြီးတွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-20
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေဟာ FPNCC အဖွဲ့ဝင် ကေအိုင်အေ နဲ့ ဝ အဖွဲ့တို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။