သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-02
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့သွားရောက်ခဲ့ပါတယ်။
2017-11-02
ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ကို နောင်ချိုမြို့နယ် ပလောင်ကုန်း ကျေးရွာက လူ ၂၀ နီးပါးခန့်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။
2017-11-02
နေပြည်တော်က လွှတ်တော် အဆောက်အဦးကို မောင်သူမဲ့ လေယာဉ်ငယ် (Drone) သုံးပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းတဲ့အတွက် နိုင်ငံခြားသား သတင်းထောက် နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်၊ ယာဉ်မောင်းတို့ကို ဖမ်းဆီးစစ်ဆေးနေတာ ၆ ရက်ရှိပြီဖြစ်ပါတယ်။
2017-11-02
ရခိုင်နဲ့မွတ်စလင်ကြား ချစ်ချစ်ခင်ခင်နေခဲ့ကြဖူးတဲ့ လူငယ်နှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို အမေရိကန်အောက်လွှတ်တော် မှာ မနေ့ကပြသခဲ့ပြီး အဲဒီဒေသအခြေအနေတွေ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ရှင်းလင်းပြောဆို ခဲ့ပါတယ်။
2017-11-01
တစ်နိုင်ငံလုံးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ၅ လအတွင်း ပြန်လည်ရွေး ချယ်ဖို့ နိုင်ငံတော်သမ္မတရုံးက တိုင်းနဲ့ ပြည်နယ် အစိုးရတွေထံ အကြောင်းကြားထားပါတယ်။
2017-11-01
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့သူတွေကို မြန်မာဘက်က ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အချက်တချို့ သဘောမတူညီတာကြောင့် ပြန်လည်လက်ခံရေးကိစ္စ နှောင့်နှေးနေရတယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2017-11-01
အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ခြမ်းက လုံခြုံရေးအခြေအနေတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လက်ခံရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-11-01
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေ ကို နိုဝင်ဘာလ ၄ရက်နေ့မှာ စတင်လက်ခံမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မှန်ကြောင်းနဲ့ ၁၉၉၃ သဘောတူညီချက်တွေ ကို နှစ်နိုင်ငံအစိုးရချင်း ပြင်ဆင်ဖြည့်စွက်ဖို့တွေ ရှိနေသေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
2017-11-01
လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ဟာ အစိုးရသွားလိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအားထုတ်မှုကို ခြိမ်းခြောက်မှုတွေဖြစ်နေတဲ့အတွက် စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-11-01
နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းအမှားတွေကြောင့် NLD ပါတီအနေနဲ့ တိုင်းပြည်ညီညွတ်ရေးကိုရှေးရှုပြီး ထောက်ခံပွဲတွေလုပ်ရတာဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2017-10-31
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ရာမှာ NVC လို့ခေါ်တဲ့ အစိမ်းနုရောင် နိုင်ငံသားကဒ်ရရှိသူ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-31
ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီနှစ်ပါတီ ပူးပေါင်းရေးလုပ်ငန်းတွေပြန်စဖို့ SNDP ဘက်က သဘောတူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-10-30
လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ဘယ်လိုမြင်ပါသလဲ။
2017-10-30
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ စပါးခင်းတွေနဲ့ ပိုင်ရှင်ရှိပြီး ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတဲ့ စပါးခင်းတွေကို ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။
2017-10-28
ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက် မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ ပြည်နယ်အစိုးရက မနေ့က ထုတ်ပြန်လိုက်ပါတယ်။