သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-25
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းဌာနတွေဟာ ဘက်မလိုက်ပဲ ကျင့်ဝတ်နဲ့အညီ တိကျမျှတစွာဖော်ပြရမယ်လို့ ထုတ်ပြန်ထားပေမယ့် အစိုးရပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်တချို့ဟာ ဒီထုတ်ပြန်ချက်တွေနဲ့ ကိုက်ညီချင်းမရှိဘူးလို့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့က ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ထောက်ပြပါတယ်။
2015-10-24
မြန်မာ့ကျောက်စိမ်းတွင်းလုပ်ငန်းတွေနဲ့ အရောင်း အဝယ်လုပ်ငန်းတွေနဲ့ အကျိုးအမြတ်တွေကို စစ်တပ် အကြီးအကဲတွေ ကြီးစိုးထားတယ်ဆိုတဲ့ ပြောဆို ချက်တွေဟာ မမှန်ကန်ဘူးလို့ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းဌာနရဲ့ ဦးဆောင် ညွန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြောဆို လိုက်ပါတယ်။
2015-10-24
ရခိုင်ပြည်နယ်မှာ နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားဖို့ရာမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကွဲပြားခြားနားမှုနဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ CDNH အဖွဲ့က သူတို့ရေးသားပြုစုထားတဲ့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး စစ်တမ်းတစ်စောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2015-10-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့က ရေတပ်ဌာနနဲ့ တပ်မတော်အင်ဂျင်နီယာတပ် ဧရိယာအတွင်းမှာ မဲဆွယ်စည်းရုံးခွင့် တင်ပြတောင်းဆိုပေမယ့် တပ်မတော်ဘက်က ခွင့်မပြုဘူးလို့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
2015-10-23
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသ မှာ မြေပြိုကျခဲ့တာကြောင့် ဒုက္ခသည် စခန်းမှာ နေ ထိုင်သူ ၅၀၀ လောက်ရှိနေပါတယ်။
2015-10-23
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့ပေါ်က ရပ်ကွက် ၄ မှာရှိတဲ့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု ခန်းမအနီးမှာ မိုင်းဗုံးတစ်လုံး မနေ့ ညနေပိုင်းလောက်က ပေါက်ကွဲခဲ့တဲ့အတွက် ကိုရင်နှစ်ပါးအပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ မိုင်းထောင် ထားခဲ့သူတွေကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
2015-10-21
ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်ထဲမှာ အစိုးရ တပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ နီးပါးရှိနေပါတယ်။
2015-10-21
ကချင်ပြည်နယ် ချီဖွေမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးဖို့ ကြိုးစားရာမှာ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၃ ဦး နဲ့ ပါတီဝင် ၄ ဦးဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညှိနှိုင်းမှုကို လက်မခံတော့ဘဲ သူတို့ကို တိုက်ခိုက်ခဲ့တဲ့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်ကို တရားစွဲဆိုသွားမယ်လို့ ချီဖွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်က ပြောပါတယ်။
2015-10-21
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံပြည်သူ ၅၄ ဦးထဲမှာ တစ်ဝက်လောက်က ကြိုတင်မဲပေးဖို့ ငြင်းဆန် ထားပါတယ်။
2015-10-20
လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းပွင့်ခေါင်းဆောင် ကိုမင်းကိုနိုင် ကို RFA အဖွဲ့ သား ဦခင်မောင်စိုးက ၈၈ ဌာနချုပ်မှာ ဒီကနေ့ တွေ့ ဆုံမေးမြန်းထားပါတယ်။
2015-10-20
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်တဲ့ ဓါတ်ပုံတွေကို Face book လို လူမှုရေးကွန်ရက် စာမျက်နှာတွေမှာဖော်ပြတာကြောင့် အီလက်ထရောနစ်အက် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတွေနဲ့ အဖမ်းအဆီးတွေရှိနေတာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-20
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိပါသလဲ။ သံတွဲမြို့သား ဦးမျိုး (ဥပဒေ) ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-18
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့နင်းထားတဲ့ပုံ ကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှ ထားလို့ဆိုပြီး ၂ဝ၁၃ ခုနှစ်ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီရဲ့ အမှုနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ မမေစပယ်ဖြူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-18
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA လက်အောက်ခံတပ်ဖွဲ့တွေက PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် တပ်ဖွဲ့တွေကို မနှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာလည်း ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
2015-10-18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါက်တာရင်ရင်နွယ်ကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဌ အဖြစ် ဒီရက်ပိုင်းအတွင်း ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။