သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-12
လောလောဆယ် ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ထားတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS က ပါတီဌာချုပ်ကို ပြည်တွင်းမှာ တရားဝင် ရပ်တည်ခွင့်ရဖို့ အစိုးရနဲ့ ပြောဆို ဆောင်ရွက်လျက် ရှိပါတယ်။
2012-09-11
နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေများကွန်ယက် အဖွဲ့ဝင် ဦးသိန်းသန်းဦးဟာ နှလုံးရောဂါ ဖိစီးတဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက မန္တလေးဆေးရုံကြီးမှာ တက်ရောက် ကုသနေရပါတယ်။ သူဟာ နှလုံးသွေးကြော သုံးချောင်းပိတ်တဲ့ အခြေအနေကို ဆိုက်ရောက်နေလို့ ပြည်ပမှာ အပူတပြင်း ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေပေမဲ့ နိုင်ငံကူးလက်မှတ် မရရှိတဲ့အတွက် ခရီးကြန့်ကြာနေတယ်လို့သိရပါတယ်။
2012-09-09
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်မှုနဲ့ အကျဉ်းချ ခံခဲ့ရတဲ့ ဆရာတော် အရှင်ဦးသဒ္ဓမ္မဟာ ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြည်တွင်း စေတနာ့ဝန်ထမ်း NGO အဖွဲ့တွေနဲ့ လိုက်ပါ ဆောင်ရွက်နေပါတယ်။
2012-09-09
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးပါတဲ့ ဦးဥတ္တမကို ထိထိရောက်ရောက် ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရ ရုံးပိတ်ရက် သတ်မှတ်တာ၊ ကျောက်တိုင်နဲ့ ပန်းခြံတွေ တည်ဆောက်တာတွေ ဆောင်ရွက်သင့်တယ်လို့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းတိုက်က ရခိုင်သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရက တိုက်တွန်းလိုက်ပါတယ်။
2012-09-08
ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်း-မြန်မာနယ်စပ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2012-09-08
မနက်ဖြန် ကျရောက်မယ့် (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးက ဦးဆောင်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်အတွင်း အစည်ကားဆုံး ကျင်းပဖို့ စီစဉ်နေပါတယ်။
2012-09-05
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ဝန်ထမ်း အများအပြားကို မြန်မာအစိုးရက လွှတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် မောင်တောမြို့ခံ ဒေါက်တာ ထွန်းအောင်နဲ့တကွ သမီးဖြစ်သူ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးတန်း ကွင်းဆင်းအရာရှိ ဒေါ်မြနန္ဒာအောင်၊ သမက်ဖြစ်သူ UNHCR အကြီးတန်း ကွင်းဆင်းအရာရှိဟောင်း ဦးမောင်မောင်သန်း တို့ကိုတော့ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
2012-09-04
ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း ဒုက္ခရောက်ရသူတွေ အတွက် နိုင်ငံတကာ အကူအညီကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ကြိုဆိုလိုက်ပါတယ်။
2012-09-03
သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေး ဝန်ကြီးဌာန ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ လုပ်လိုက်ပြီး နောက်ပိုင်း ကိုယ်ပိုင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေရေး အပါအဝင် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အလားအလာတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးသစ် ဦးရဲထွဋ္ဋ်ကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2012-09-03
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝီရသူ ဦးဆောင် စီစဉ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်အရေး ရပ်တည်ချက် ထောက်ခံ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။
2012-09-03
လက်ရှိ မြန်မာ့အရေးအတွက် အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက် ဆောင်ရွက်နေတဲ့ ၈၈ အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့သူ ကျောင်းသား ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး မစ်ရှင်အနေနဲ့ ရောက်ရှိလာပါတယ်။
2012-09-03
မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေ မကြာခင်မှာ ထုတ်ဝေခွင့် ပြုတော့မှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
2012-08-28
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ "ပြောချင်လို့ ပြောခဲ့တာတွေ" လို့ အမည်ပေးထားတဲ့ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ Home (House of Media & Entertainment) မှာ အခုလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2012-08-15
မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်က ပဲ နှမ်း ဝါ စိုက်ပျိုးနေတဲ့ ကျေးရွာ ၁၃ ရွာက ယာမြေဧက တစ်သောင်းကျော်ကို စစ်လက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ဖို့ စစ်တပ်ပိုင်မြေအဖြစ် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ကတည်းက သိမ်းဆည်းခဲ့ပြီး စစ်တပ်က အခကြေးငွေယူကာ သီးစားပြန်ချထားပါတယ်။
2012-08-14
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထူးအစည်းအဝေး တစ်ရပ်ကို ပြီးခဲ့တဲ့ရက်က ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်သလို ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းတာတွေလည်း ရှိခဲ့ပါတယ်။