ကျားခေါင်းပါတီက ဦးစိုင်းထွန်းအေးနဲ့ မေးမြန်းချက်
2015.11.01
လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတဲ့ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံတွေဆီက လက်မှတ်ကောက်ခံပြီး လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေးကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေး မြန်းထားပါတယ်။