ရှမ်းပြည်နယ်က တိုက်ပွဲအခြေအနေ ဗိုလ်မှူးကြီး စိုင်းလနဲ့ မေးမြန်းချက်
2015.10.29
အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ မနေ့က ညနေပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်စပ်က ဝမ်လွေဒေသမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မိုင်းနောင်မြို့နယ်ထဲက ရိန်းကောင်ရွာမှာတော့ အစိုးရတပ်ကပစ်တဲ့ လက်နက်ကြီးကျတာကြောင့် အိမ်သုံးလုံးပျက်စီးသွားတယ်လို့ SSPP/SSA က ပြောပါတယ်။
SPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။