ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းနဲ့ မေးမြန်းချက်
2016.12.10
မလေးရှားနိုင်ငံမှာရှိတဲ့ တရားမဝင်နေထိုင်သူတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်သွားပေးဖို့ မလေးရှားအစိုးရက နှစ်စဉ် ကြေညာချက်ထုတ်ပြန်နေကျဖြစ်ပေမယ့် ဒီလအတွင်းမှာ ကြေညာချက်မထွက်ခင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးနေတဲ့အတွက် မြန်မာအလုပ်သမားတွေ စိုးရိမ်နေကြပါတယ်။
မလေးရှားနိုင်ငံက ကပုန်း ၇ ရက်သားသမီးနာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်း ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။