ဦးခွန်ထွန်းဦး နုတ်ထွက်မှုအကြောင်း SNLD နဲ့ ဆက်သွယ်မေးမြန်းခြင်း


2020.09.28

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ပြီးချိန်ကစလို့ လက်ရှိအထိ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ SNLD ပါတီရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဟာ ကျန်းမာရေးယိုယွင်းလာပြီး မိသားစုကိစ္စတွေဆောင်ရွက်ဖို့ ရှိတာကြောင့် ပါတီကနေ နုတ်ထွက်လိုတာလို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။

ပါတီဥက္ကဋ္ဌရဲ့ ဆန္ဒကို လေးစားအသိမှတ်ပြုကြောင်းနဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဆုံးဖြတ်ချက်ချဖို့ ကော်မတီဝင်အားလုံးကို စုစည်းလို့မရသေးလို့ ဆုံးဖြတ်လို့မရနိုင်သေးကြောင်းနဲ့ ဥက္ကဋ္ဌရဲ့ နုတ်ထွက်မှုဟာ ရွေးကောက်ပွဲအောင်နိုင်ခြေကို ထိခိုက်နိုင်လောက်တဲ့အထိ ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ သူက ပြောပါတယ်။

SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။