ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်
2019.09.17
ရိုဟင်ဂျာဒုက္ခသည်အများစုက တတိယနိုင်ငံကိုသွားကြဖို့ထက် ကိုယ့်နေရပ်မြန်မာနိုင်ငံဘက်ကိုပဲ ပြန်ချင်နေကြတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင်ကပြောပါတယ်။
ဒီလကုန်ပိုင်းကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ စစ်တပ်ကိုပိုပြီး ဖိအားပေးရေး ဦးထွန်းခင်က တိုက်တွန်းနေတာပါ။
အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ စောဖိုးခွားက တွေ့ဆုံမေးမြန်းထားပါတယ်။