ဖမ်းထားတဲ့ ဥပဒေအရာရှိတွေကို အထူးခုံရုံးဖွဲ့ စစ်ဆေးဖို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောကြား


2018.09.15

သရုပ်ဆောင် အောင်ရဲထွေး သတ်ဖြတ်ခံရမှုမှာ တရားခံအဖြစ် သံသယရှိလို့ ဖမ်းဆီးထားသူတွေကို လာဘ်ငွေယူ လွှတ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး အခု ဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို စစ်ဆေးတဲ့အခါ အများပြည်သူ သံသယကင်းရေးအတွက် အထူးအစိုးရရှေ့နေတွေနဲ့ အထူးခုံရုံးဖွဲ့ စစ်ဆေးသင့်တယ်လို့ နာမည်ကျော် ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။