ပြည်မြို့က ဝမ်းပျက်ဝမ်းလျောရောဂါ အခြေအနေ မေးမြန်းချက်
2016.07.28
ပဲခူးတိုင်း ပြည်မြို့ နဝင်းနယ်မြေက ဘောဂ၊ မာကလာကုန်း၊ ဘောဂကန်ကွက်စတဲ့ ရပ်ကွက်ကျေးရွာတချို့မှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကျန်းမာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းအစိုးရ နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကာကွယ်ကုသရေးတွေ ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိမှာ ရောဂါကို ထိန်းချုပ်နိုင်တဲ့အနေအထားရှိပြီး တစ်ပတ်ခန့် စောင့်ကြည့်ပေးသွားမယ်လို့ ပြည်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်းက ပြောပါတယ်။
ပြည်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးတင့်ရွှန်း ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က မေးမြန်းထားပါတယ်။