ဖားကန့်် မြေစာပုံပြိုကျမှု ပျောက်ဆုံးနေသူတွေရှိ


2016.12.30

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လက်ချောင် မှော်ရွာအနီးက ကျောက်စိမ်းနန်းတော် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ မနေ့ညနေပိုင်းက ပြိုကျလို့ အဲဒီမှာ တနိုင်တပိုင်ရေမဆေးကျောက် တူးဖော်ရှာဖွေနေသူတွေ ပျောက်ဆုံးနေပါတယ်။

ဒေသခံတွေဘက်က ပျောက်ဆုံးနေသူ ၃၀ ကျော်လောက်ရှိတယ်လို့ဆိုပေမယ့် အုပ်ချုပ်ရေးပိုင်းက ရရှိထားတဲ့စာရင်းတွေအရတော့ ပျောက်ဆုံးသူ ၂ ဦးနဲ့ ဒါဏ်ရာရသူ ၃ ဦးရှိကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။