ကေအိုင်အိုနဲ့ ဆွေးနွေးပွဲ ရလာဒ် ဘယ်လိုရှိလာမလဲ
2012.10.30
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆွေးနွေးဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရောက်ရှိနေပါတယ်။
KIO ဘက်ကတော့ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ခေါင်းဆောင်တချို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ KIO ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်မှု မရှိတဲ့အတွက် ဒီဆွေးနွေးပွဲကနေ ခိုင်မာတဲ့ရလာဒ်တွေ ပေါ်ထွက်လာနိုင်မလားဆိုတာနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။