ဘိန်းခင်းဖျက်တာ ခေတ္တရပ်နားဖို့ ပတ်ဂျာဆန်အဖွဲ့ ဘာကြောင့် ဆုံးဖြတ်လိုက်သလဲ


2016.02.28

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပတ်ဂျာဆန် (Pat Jasan) လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင်တွေအနေနဲ့ လုပ်ငန်းတွေကို ခေတ္တရပ်နားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးနောက် ဝိုင်းမော်မြို့ကို ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ အဖွဲ့တွေထဲက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခေါင်လွမ်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။