မြဝတီမင်းကြီးဆရာတော် ထိုင်းမှာ ပျံလွန်တော်မူ
ဆရာတော်ကြီးဟာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ပျံလွန်သွားတာလို့ ဆရာတော်ရဲ့တပည့် အရှင်တေဇာနန္ဒက RFA ကိုပြောပါတယ်။
- 2022-10-27
-
-
-
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာဘိဝံသ(ဓမ္မာစရိယ-ဝဋံသကာ)။
Photo: Citizen Journalist
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာဘိဝံသ(ဓမ္မာစရိယ-ဝဋံသကာ)ဟာ ဒီကနေ့ညနေပိုင်း ဒေသစံတော်ချိန် ၁ဝ နာရီက ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံမှာ ပျံလွန်တော်မူသွားပါတယ်။ ဆရာတော်ကြီးဟာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ပျံလွန်သွားတာလို့ ဆရာတော်ရဲ့တပည့် အရှင်တေဇာနန္ဒက RFA ကိုပြောပါတယ်။
ဆရာတော်ရဲ့ ဈာပနကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိနေပါတယ်။ ဆရာတော်ကြီးရဲ့ တပည့်ဖြစ်သူကို RFA ဝိုင်းတော်သားစောဖိုးခွားမေးမြန်းထားပါတယ်။