ထောင်ကပြန်လွတ်လာတဲ့ မြဝတီမင်းကြီးဆရာတော်နဲ့ RFA ဆက်သွယ်မေးမြန်းချက်

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.08.03

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာဝံသဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပါတယ်။ ဆရာတော့်ကို အာဏာမသိမ်းခင် စစ်တပ်က ပုဒ်မနဲ့ အမှုဖွင့်ပြီး အာမခံပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ အဲ့ဒီအာမခံပေးထားတဲ့ ပုဒ်မနဲ့ပဲ ပြန်ဖမ်းလိုက်ပါတယ်။

ဆရာတော်ကို လူဝတ်လဲ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီးနောက် ဩဂုတ်လ ၁ ရက်နေ့က လွတ်ရက်စေ့လို့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။ ပြန်လွတ်လာတဲ့ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသကို RFA ဝိုင်းတော်သား စောဖိုးခွါးက မေးမြန်းလျှောက်ထား ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။