သတင်းထောက်နှစ်ယောက်ကို တတိယအကြိမ် ရုံးထုတ်စစ်ဆေး
2021.04.08
တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာနက သတင်းထောက် မကေဇွန်နွေးနဲ့ အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်းတို့ကို ဧပြီလ ၈ ရက်နေ့ က အင်းစိန်အကျဉ်းထောင်မှာ တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားစွဲခံထားရတဲ့ သတင်းထောက်တွေအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ သိရကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးခင်မောင်မြင့်က ပြောပါတယ်။ ရှေ့နေဦးခင်မောင်မြင့်ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။