Daily Mail သတင်းမှားယွင်း ရေးသားဖေါ်ပြမှု တုန့်ပြန်မည်


2016.12.10

UK နိုင်ငံအခြေစိုက် Daily Mail သတင်းဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦးကို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုတဲ့ သတင်းကို မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံတကာ စာနယ်ဇင်းလုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ မြန်မာအစိုးရဘက်က တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က Daily Mail သတင်းဌာနရဲ့ အွန်လိုင်းသတင်းတစ်ပုဒ်မှာ အခုလိုဖော်ပြခဲ့တာဖြစ်ပြီး တစ်ခြားအွန်လိုင်းစာမျက်နှာတွေမှာလည်း ပျံ့နှ့ံ့နေတာဖြစ်လို့ Daily Mail သတင်းဌာနအနေနဲ့ တာဝန်ယူရမယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။