ကိုပါကြီးကိစ္စ မြန်မာမီဒီယာကွန်ရက်က ဦးမြင့်ကျော်ကို မေးမြန်းချက်
2014.10.25
မြန်မာနိုင်ငံက သတင်းထောက်တွေဟာ ပဋိပက္ခများကြားမှာ သတင်းယူတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိလို့ အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးရတဲ့ကိစ္စ ဖြစ်ရတယ်လို့ မြန်မာနိုင်ငံမီဒီယာကွန်ရက်က ပြောပါတယ်။ ဒါပေမဲ့ စစ်ပွဲများအတွင်း သတင်းသမားများ အပါအဝင် ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းစီးခြင်းကို လက်မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာမီဒီယာကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။