မန္တလေးအစိုးရရဲ့ ရသုံးမှန်းခြေ စာရင်းက ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို တိုင်းလွှတ်တော် ဖြတ်တောက်


2016.12.10

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းလာတဲ့ ၂၀၁၇-၁၈ ဘဏ္ဍာငွေ ရသုံးမှန်းခြေစာရင်းမှာပါတဲ့ ဌာနဆိုင်ရာရုံးတွေတည်ဆောက်ဖို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအတွက် မော်တော်ယာဉ်တွေ ဝယ်ယူဖို့ စတဲ့ ကဏ္ဍတွေအတွက် ထည့်သွင်းရေးဆွဲထားတဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီနေတဲ့ ဘတ်ဂျတ်ငွေတွေကို တိုင်းလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။ အဲဒီလိုဖြတ်တောက်လိုက်တဲ့ ဘတ်ဂျတ်ငွေတွေကို မန္တလေးတိုင်းဒေသကြီး အတွင်းက ကျေးရွာတွေမှာ မီးလင်းရေးနဲ့ သောက်သုံးရေရရှိရေး စတဲ့ ကဏ္ဍတွေအတွက် ပြောင်းလဲသုံးစွဲဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တယ်လို့ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မဲဆန္ဒနယ် အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။

ဦးမြင့်အောင်မိုး ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။