မော်ချီးဒေသမြေပြိုမှု ကရင်နီလူ ငယ်များသမဂ္ဂအဖွဲ့နဲ့ မေးမြန်းချက်
2015.10.13
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့ကစပြီး တစ်ရက်ကျော်လောက် မိုးများခဲ့ရာကနေ မော်ချီးဒေသက လေးအိမ်တန်းရွာနဲ့ ဇီးပင်ကွင်းရွာတွေမှာ မနေ့က ညနေပိုင်းက မြေပြိုကျခဲ့ပါတယ်။
ဒီနေ့အချိန်ထိ လူ ၇ ဦးသေဆုံးကာ ၈ ဦးပျောက်ဆုံးနေတယ်လို့ မော်ချီးဒေသမှာ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ကရင်နီလူငယ်များသမဂ္ဂအဖွဲ့က ပြောပါတယ်။
ကရင်နီလူငယ်များသမဂ္ဂအဖွဲ့ အလုပ်အမှုဆောင် ကိုကျော်ထင်အောင်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။