မဲဆောက်မှာ မြန်မာတွေနေထိုင်တဲ့ အိမ်တွေ ဒုတိယအကြိမ်အစစ်ခံရ

ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့ကလည်း အဲ့ဒီအိမ်ယာမှာနေထိုင်သူအားလုံးကို လမ်းမပေါ်ကို ဆင်ခိုင်းပြီး ထိုင်းစစ်တပ်၊ ရဲနဲ့ လဝကတို့က စစ်ဆေးခဲ့ကြပါသေးတယ်။

မဲဆောက်မြို့တွင် မြန်မာများ နေထိုင်သည့် အိမ်ရာတစ်ခုအား တွေ့ရစဉ်။ Citizen Journalist

မဲဆောက်မြို့၊ မယ်ပရပ်ကွက်မှာရှိတဲ့ မာလွေအိမ်ယာကို မေလ ၁၄ ရက်နေ့ ညနေ၆နာရီခန့်က ရဲနှင့်စစ်တပ်က အိမ်ယာတစ်ခုလုံးက ရှိအခန်းများကို တစ်ခန်းဝင်တစ်ခန်းထွက် စစ်ဆေးခဲ့ပါတယ်။

အခုလို စစ်ဆေးတာဟာ မေလ ၁၄ ရက်နေ့ ညနေပိုင်းက မာလွေအိမ်ယာအစွန်မှာရှိတဲ့ လုံးချင်းအိမ်တစ်အိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးသတ်နဲ့ ရဲက ရောက်လာချိန်မှာ အိမ်အတွင်း လက်နက်ထုတ်လုပ်နေတာကို တွေ့ရှိသွားတာကြောင့်လို့ မာလွေ အိမ်ယာမှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့ကလည်း အဲ့ဒီအိမ်ယာမှာနေထိုင်သူအားလုံးကို လမ်းမပေါ်ကို ဆင်ခိုင်းပြီး ထိုင်းစစ်တပ်၊ ရဲနဲ့ လဝကတို့က စစ်ဆေးခဲ့ကြပါသေးတယ်။

မေလ ၁၄ ရက်နေ့ဟာ ထိုင်းနိုင်ငဲမှာ ရွေးကောက်ပွဲကျင်းပတဲ့နေ့ဖြစ်ပြီး တစ်နိုင်ငံလုံး လုံခြုံရေး တင်းကြပ်ထားတာဖြစ်ပါတယ်။ အစစ်ဆေးခံရတဲ့ မာလွေအိမ်ယာမှာ နေထိုင်သူတစ်ဦးကို ဦးတင်အောင်ခိုင် ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org