ကြည့်မြင်တိုင် သပိတ်ဖြိုခွင်းဖမ်းဆီးခံရမှုမှာ အသက်မပြည့်သူတစ်ဦး ပါဝင်
2021.12.08
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကားနဲ့ဝင်တိုက်ပြီးနောက် အဲဒီနေရာမှာရှိနေတဲ့ လူငယ် ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် မယဉ်မျိုးသွယ် နဲ့ ကိုအာကာကျော်၊ မမြကြူကြူသင်းတို့ ပါဝင်သွားခဲ့ပါတယ်။ သူတို့ဟာ ဆန္ဒပြပွဲနဲ့ မဆိုင်ဘဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီနေ့အထိ ဘယ်မှာ ထိန်းသိမ်း ထားတယ်ဆိုတာ အဆက်အသွယ်မရဘူးလို့ မယဉ်မျိုးသွယ် နဲ့ ကိုအာကာကျော် တို့ရဲ့မိခင် ဒေါ်ဆွေဇင်နွယ်က ပြောပါတယ်။
ဒေါ်ဆွေဇင်နွယ်ကို RFA က မေးမြန်းထားပါတယ်။