ကဗျာဆရာကြီး ကိုလေး-အင်းဝ ဂုဏ်ရည်နဲ့ မေးမြန်းချက်
2015.11.01
လွန်ခဲ့တဲ့ အနှစ် ၄ဝ လောက်က အမျိုးသားစာပေဆုရှင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာကြီး ကိုလေး-အင်းဝဂုဏ်ရည်ကို ဒီနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်လိုက်ပါတယ်။
ဆရာကြီး ဦးကိုလေးဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ သူ့ကလောင်နဲ့ စာရေးခွင့်ပိတ်ပင်ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် နောက်မှာမှ သူ့ကဗျာတွေ ပြန်လည် ပုံနှိပ်ဖေါ်ပြခွင့်ရလာခဲ့ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်း တံတားဦးမြို့မှာ နေထိုင်ပြီး ကဗျာတွေဆက်လက်ရေးသားနေသလို ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုင်ရာ ဟောပြောချက်တွေကိုလည်း နိုင်ငံအနှံ့သွားလာဟောပြောခဲ့ပါတယ်။
ဒီဆုမျိုးကို ကွယ်လွန်သူတွေဖြစ်တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ ကဗျာဆရာကြည်အောင်တို့လို ပုဂ္ဂိုလ်တွေ ရသင့်တဲ့အတွက် အခုလို သူရတဲ့အတွက် သိပ်မပျော်မိပါဘူးလို့ ပြောပါတယ်။
ဆရာကြီး ဦးကိုလေး-အင်းဝဂုဏ်ရည်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။