ကရင်နီတပ်ဖွဲ့တွေကို ထိုင်းစစ်တပ်နဲ့ စစ်ကောင်စီ ပူးပေါင်းအကျပ်ကိုင်နေသလား

စစ်တပ်နဲ့ ကရင်နီတပ်တွေ စစ်ရေးတင်းမာနေတဲ့ ထိုင်း-မြန်မာနယ်စပ်မှာ KNPP တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့စခန်းတစ်ခုကို ဆုတ်ပေးဖို့ ထိုင်းစစ်တပ်က တောင်းဆိုထားပါတယ်။

ကရင်နီ အမျိုးသားတိုးတက်ရေးတပ်ဖွဲ့ KNPP တပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ ထိုင်း - မြန်မာနယ်စပ်မှာ KNPP ကရင်နီ အမျိုးသားတိုးတက်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့စခန်းတစ်ခုကို ဆုတ်ပေးဖို့ KNPP ကို ထိုင်းစစ်တပ်က တောင်းဆိုထားတယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းစစ်တပ်က မြန်မာနိုင်ငံဘက်မှာရှိတဲ့ ဒေါ်နိုးကူးဒုက္ခသည်စခန်း အတွက် ရိက္ခာပို့တဲ့လမ်းမှာ၊ စစ်ရေးတင်းမာမှုရှိတယ်လို့ပြောဆိုပြီး ထိုင်းဘက်ကဂိတ်ကို ယာယီပိတ်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ပြန်ဖြေတာ မရှိပါဘူး။

အခုလို ရိက္ခာလမ်းပိတ်တာဟာ KNPP ကို ဖိအားပေးနေတာလို့သုံးသပ်နိုင်ပြီး စစ်ကောင်စီကလည်း ဒုက္ခသည်စခန်းကို လေကြောင်းက တိုက်ခိုက်မယ့်ပုံပြနေတယ်လို့ KNPP က ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ KNPP အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org